Main

ကျွန်တော့် အသက် ၄၀ မကျော်ခင် သွားချင်သောနေရာများ

မွေးရပ်ဌာနေ မြန်မာပြည်

မြန်မာပြည်မှာ မွေးဖွားခဲ့သော်လည်း ကျွန်တော် မြန်မာပြည်အနှံ့ မရောက်ဘူးခဲ့ပါဘူး။ သားသမီးကို အရမ်းစိုးရိမ်တတ်တဲ့ အမေနဲ့ အဖေ ဆီမှာ မွေးဖွားခဲ့တဲ့ ကျွန်တော် ငယ်ငယ်ထဲက ခရီး များများစားစား မသွားခဲ့ရပါ။  သိတတ်တဲ့ အရွယ်ကနေစပြီး ယခု အသက်အရွယ်အထိ မြန်မာပြည်မှာ သွားခဲ့တဲ့ ခရီး အရေအတွက် က လက်တစ်ဆယ်ချောင်း မပြည့်ပါဘူး။

ပုဂံ မြန်မာနိင်ငံရဲ့ ရှေးအကျဆုံး မြို့

လက်ညွန်း ညွန်တဲ့ အရပ်တိုင်းမှာ ဘုရားစေတီ ရှိတယ် ဆိုစကား ယခုအချိန်အထိ မှန်ကန်နေတုန်းပါ။
ကျွန်တော် ပုဂံ ကို အနည်းဆုံး ၂ပတ် ကနေ ၁လ လောက်အထိ သေသေချာချာ လေ့လာချင်တယ်။ ဘုရားစေတီတွေအားလုံးကို သွားချင်တယ်။ ရှေးဟောင်း ဘာသာရပ်နဲ့ ရေးသားထားတဲ့ စာတွေကို လေ့လာချင်တယ်။

No comments:

Post a Comment

 
Copyright © 2016. HDL's Diary.
Design by Herdiansyah Hamzah. & Distributed by Free Blogger Templates
Creative Commons License